Monday 21 January 2013

စင်္ကာပူတွင် အလုပ်ရှာကြရာဝယ်

စင်္ကာပူမှာ အလုပ်ရှာတဲ့အခါ ဆောင်ရန် ရှောင်ရန်နဲ့ process တွေကို ကျမသိသလောက်တင်ပြသွားပါမယ်။ ကျမက software engineer တယောက်ဖြစ်တဲ့အတွက် programmer တယောက်အနေနဲ့ အလုပ်ရှာတဲ့ဖက်ကိုပဲ အသားပေးတင်ပြသွားပါမယ်။ တခြားလိုင်းတွေနဲ့အလုပ်လျှောက်တာကတော့ process ဆင်တူပဲဖြစ်မယ်လို့ ထင်ပါတယ်။

အလုပ်လာရှာဖို့ လိုအပ်တဲ့ requirement တွေက
  •  အလုပ်နဲ့သက်ဆိုင်မယ့် ဘွဲ့တခု
  •  လုပ်သက် အနည်းဆုံး ၁နှစ် 
  • အင်္ဂလိပ်စာ intermediate level
  •  passport and visa 
  • မိမိကိုယ်ကိုယ်ယုံကြည်မှု 

စင်္ကာပူမှာ အလုပ်လာရှာဖို့ဆိုရင် ကိုယ်လုပ်မယ့်အလုပ်နဲ့ သက်ဆိုင်တဲ့ဘွဲ့တခုရဖို့လိုအပ်ပါတယ်။ ဒါမှာ spass, ep လျှောက်တဲ့အခါ အဆင်ပြေမှာမို့ပါ။

လုပ်သက်အနေနဲ့ကတော့ အနည်းဆုံး ၁နှစ်လောက်လုပ်ဖူးမှ အဆင်ပြေမှာပါ။ ဒါမှလည်း မိမိကိုယ်ကိုယ်ယုံကြည်မှုလည်းရှိ အလုပ်ထဲမှာလည်း ကို့ယို့ကားယားမဖြစ်မှာပါ။ အလုပ်ခေါ်တဲ့စာတွေထဲမှာလဲ working experinece 1 yr လောက်ကတော့ ပါတတ်ကြပါတယ်။ လုပ်သက်များလေ ကောင်းလေပေါ့ရှင်။ အလုပ်မလုပ်ဖူးရင်လည်း အလုပ်လုပ်ဖူးကြောင်းထောက်ခံစာလေး ကိုယ့်ဟာကိုယ်သာ ရှာကြံပြီး ယူခဲ့ပါ။

အင်္ဂလိပ်စာလည်း ထမင်းစားရေသောက် သွက်သွက်လက်လက်ပြောတတ်ဖို့လိုပါတယ်ရှင်။ အင်တာဗျူးတာက အင်္ဂလိပ်လိုဗျူးမှာဆိုတော့ အင်္ဂလိပ်စာမကျွမ်းကျင်ရင် impression ကျပါတယ်။ ဒါကြောင့် intermediate level လောက်ထိတော့ လေ့ကျင့်သွားဖို့ တိုက်တွန်းပါတယ်။

စင်္ကာပူလာဖို့အတွက် passport နဲ့ visa လိုတယ်ဆိုတာကတော့ ထူးပြောစရာမလိုပါဖူးရှင်။

မိမိကိုယ်ကိုယ်ယုံကြည်မှု(self esteem) ကလည်း အရေးကြီးပါတယ်ရှင်။ အလုပ်လျှောက်တဲ့အခါမှာ ကိုယ်လုပ်နိုင်တဲ့အရာဆို လုပ်နိုင်တယ်လို့ ရဲရဲဝံ့ဝံ့ပြောနိုင်ရပါမယ်။ ကိုယ်က ချီတုန်ချတုန်ဖြစ်နေရင် ခန့်မယ့်အလုပ်ရှင်လဲ ကိုယ့်ကိုမခန့်ရဲပါဖူး။ ပြီးတော့ အလုပ်ဆိုတာမျိုးက တန်းရတာရှိသလို အင်တာဗျူးခနခနဖြေပီးမရတာမျိုးလဲရှိနိုင်ပါတယ်။ အဲအတွက် စိတ်ဓါတ်မကျပဲ မိမိကိုယ်ကို ယုံကြည်ပီး အလုပ်လျှောက်နေဖို့က အရေးကြီးပါတယ်။

စင်္ကာပူက အလုပ်ကို လျှောက်မယ်ဆိုရင် စင်္ကာပူမလာခင် ၂ပတ်အလိုကတည်းက အလုပ်တွေကို အွန်လိုင်းကနေ ကြိုပီး apply လုပ်ထားတာ ပိုအဆင်ပြေပါတယ်။ အလုပ်က လျှောက်လျှောက်ချင်း အင်တာဗျူးတန်းခေါ်တယ်ဆိုတာခဲယဉ်းတယ်လေ။ ကိုက visit visa နဲ့သွားမှာဆို စစချင်း ၁လပဲ အချိန်ရတာဆိုတော့ အချိန်ခိုးတဲ့အနေနဲ့ အရင်ဆုံးမြန်မာပြည်ကတည်းက စလျှောက်သင့်ပါတယ်။ တကယ်လို့ အင်တာဗျူးခေါ်နေပီဆိုရင်တော့ ပြန်ညှိပီး ကိုယ်လာမယ့်ရက်ကိုပြန်ချိန်းပေါ့။ အဲလိုလုပ်ဖို့ဆိုရင်တော့ စင်္ကာပူဖုန်းတခုနဲ့ ဖုန်းဖြေပေးမယ့်သူတော့လိုပါတယ်ရှင်။ ကျမကတော့ ကျမသူငယ်ချင်းတွေကို အကူအညီတောင်းလိုက်ပါတယ်။ တကယ်လို့ ကူညီပေးနိုင်မယ့်သူမရှိဖူးဆိုလည်း ကိုယ့် cv ကို အွန်လိုင်းမှာ ၂ပတ်ကြိုတင်ပေးထားတာ အလုပ်ရှင်တွေစောစောကြည့်ရတာပေါ့ရှင်။ တချို့အလုပ်တွေက ဖုန်းမဆက်ပဲ email ပို့တာတွေလည်းရှိတဲ့အတွက် email ကနေတော့ အကြောင်းပြန်လို့ရပါတယ်။

ကဲ စင်္ကာပူရောက်ပီ ဘာလုပ်မလဲဆိုရင် မနက်စောစော Online က အလုပ်ရှာတဲ့ website တွေကို စဖွင့်ပီးအလုပ်လျှောက်ပါတော့မယ်။ cv တွေ cover letter တွေကို သေချာပြင်လာခဲ့ပါ။ cv နဲ့ cover letter ရေးနည်းကို နောက်ပို့စ်တခုမှာ ဆက်ရေးပေးပါမယ်။ အလုပ်လျှောက်တဲ့ email မှာ cv ကို .doc format (microsoft 2003) format နဲ့ သိမ်းထားပါ။ version မြင့် .docx format တွေက သူတို့ကွန်ပျူတာနဲ့ဖွင့်လို့ရချင်မှ ရမှာဖြစ်တဲ့အတွက် microsoft word 2003 format နဲ့ပဲသိမ်းပါ။ cover letter ကိုတော့ email ရဲ့ subject နေရာမှာ ထည့်ပါ။ အလုပ်လျှောက်မယ့် companyပေါ်လိုက်ပီး intro လေးကိုတော့ နည်းနည်းပြောင်းလိုက်ပေါ့ရှင်။ straits timesသတင်းစာကိုလည်း မနက်စောစောထ၀ယ်ပီး အဲထဲက အလုပ်တွေကိုလည်းရှာပါ။ သတင်းစာနေ့တိုင်းမ၀ယ်ဖြစ်ရင်တောင်မှ စနေနေ့ထုတ် သတင်းစာကိုတော့ ဖတ်ဖြစ်အောင်ဖတ်ပီးအလုပ်ရှာပါ။

Online ကနေ အလုပ်ရှာလို့ ရတဲ့ website တွေက

  •  www.jobstreet.com.sg
  •  www.monster.com.sg 
  • sg.jobsdb.com/sg 
  • jobscentral.com.sg/
  •  http://www.jobs.com.sg/ 
  • www.stjobs.sg/Singapore 
  • http://singapore.recruit.net/ တို့ဖြစ်ပါတယ်။
 အလုပ်ကို တနင်္လာနေ့ကနေ စနေနေ့အထိ အသေအချာလျှောက်ပါ။ တနင်္ဂနွေနေ့က ရုံးပိတ်တာမို့လို့ အလုပ်အသစ်တွေထပ်မခေါ်တတ်လို့ အဲနေ့ကိုတော့ စိတ်အပန်းဖြေတဲ့အနေနဲ့ မြို့အနှံ့လျှောက်သာလည်ပစ်လိုက်။ တနင်္ဂနွေနေ့လည်းအလုပ်လျှောက်ချင်ရင် လျှောက်လို့ရတယ်နော။

အလုပ်လျှောက်ပီးရင် သူတို့က ဖုန်းနဲ့ ဆက်သွယ်ပါလိမ့်မယ်။ ဆက်သွယ်တဲ့အခါ အင်တာဗျူးလာနိုင်မလားလို့။ ဘာ visa နဲ့လာတာလဲတို့။ စင်္ကာပူမှာ ဘယ်လောက်ကြာအောင်နေဖူးလဲတို့ visit visa ဆို သက်တမ်းဘယ်တော့ကုန်မှာလဲတို့ လစာ ဘယ်လောက်လိုချင်လဲတို့။ ဘယ် programming language တွေကို ကျွမ်းကျင်လဲတို့ မေးတတ်ပါတယ်။ သူမေးတဲ့အချိန်မှာ သွက်သွက်လက်လက်ဖြေနိုင်မှ အင်တာဗျူးရမှာမို့ သူတို့မေးနိုင်တဲ့မေးခွန်းတွေကို ကြိုတင်ချရေးထားပီး အဖြေတွေကိုပါ သွက်သွက်လက်လက်ဖြေနိုင်အောင် လေ့ကျင့်ထားပါ။ တခါတလေလည်း PR မဟုတ်လို့ဆိုပီး ဖုန်းချသွားတတ်ပါတယ်။ ကံပေါ့ရှင်။

အင်တာဗျူးရလို့ သွားမယ့်အခါ လိပ်စာကို သေချာမေးထားပါ သေချာမကြားရဖူးဆိုရင် email ပို့ခိုင်းပါ။ အင်တာဗျူးမသွားခင် လိပ်စာကို http://www.streetdirectory.com.sg/ ထဲမှာရိုက်ထည့်ပီး ကိုယ့်အိမ်ကနေ ဘယ်လိုသွားမယ်ဆိုတာ အရင်စီစဉ်ပါ။ ပိုသေချာချင်ရင်တော့ အင်တာဗျူးမသွားခင် ၁ရက်အလိုကတည်း အဲနေရာကိုသွားကြည့်ထားလိုက်ပေါ့။ အဲတာက အင်တာဗျူးဖြေခါနီးမှာ ကိုယ်ကစိတ်လှုပ်ရှားနေချိန် ဖြေမယ့်companyရှာမတွေ့လို့ ဇောချွေးမပြန်ရတော့တာပါ့ ဒါပေမယ့် အဲလိုကြိုပီး နေရာသွားကြည့်ထားဖို့ဆိုရင် အချိန်ရယ် ငွေရယ်လိုပါတယ်။ ကိုယ်က အင်တာဗျူးရတာများလို့ အလုပ်ရှုပ်နေတယ်ဆိုရင်လည်း သွားမကြည့်နဲ့ပေါ့။ ကြိုပီး သွားကြည့်တာ ကောင်းတယ် မသွားနိုင်ရင်လည်း ကိစ္စမရှိပါဖူးရှင်။ အင်တာဗျူးဖြေမယ့်နေ့ကျရင် ၁၅မိနစ် နာရီဝက်ခန့် စောပီး အဲနေရာကို ကြိုရောက်အောင်သွားပါ။ သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်သွားပါ။ လိုအပ်တဲ့ စာရွက်အထောက်အထား မူရင်းတွေလည်း စုံအောင်ယူသွားပါ။ ကျမဆို passport ပါရယ်သားနဲ့ Online ကနေ visa သက်တမ်းတိုးထားတဲ့စာရွက်မပါလို့ companyအပေါက်ဝမှာ security က ပေးမ၀င်တာကြုံဖူးပါတယ်။ ဒါကြောင့် ကို့ဖက်က စာရွက်စာတမ်းအပြည့်အစုံယူသွားပါ။

အင်တာဗျူးဖြေနေစဉ်မှာ သူမေးတဲ့မေးခွန်းတွေဖြေပီးရင် ကိုယ့်ဖက်ကလည်း ကိုယ်သိချင်တာတွေမေးခဲ့ပါ။ အဓိက ကတော့ ကိုယ့်ကိုဘယ်အချိန် reply ပြန်မလဲဆိုတာသေချာမေးခဲ့ပါ။ တကယ်လို့ သူတို့ပြောတဲ့အချိန်ထိ reply မပြန်ရင် follow up လုပ်ပါ။ ဖုန်းဆက်ပါ။

 အလုပ်ရသွားတဲ့အခါကျရင် company က pass လျှောက်ပေးမှာလား ကိုယ့်ဟာကိုလျှောက်ရမှာလားဆိုတာ ကုန်ပနီပေါ်မှာ မူတည်ပါတယ်။ များသောအားဖြင့် companyက လျှောက်ပေးတတ်ပါတယ်။ ကျမတုန်းကတော့ companyကလျှောက်ပေးလို့ အဲဒီ process တော့ မသိခဲ့ရပါဖူး။ ဒါပေမယ့် သူတို့လျှောက်ပေးတယ်ဆိုလည်း လျှောက်လွှာပုံစံဖြည့်ပီးရင် ကော်ပီတစောင်ပွားယူထားပါ။ နောက်လုပ်ကိုပြောင်းလို့ နောက်ထပ် ထပ်လျှောက်တဲ့အခါ အရင်တခါဖြည့်တဲ့ information နဲ့တူရမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။

 ဒါတွေက ကျမရဲ့အတွေ့အကြုံနဲ့ ယူဆချက်တွေပေါ်မူတည်ပီးရေးပေးထားတာပါ။ သူငယ်ချင်းတို့ ကံကောင်းကြပါစေ။